❝¿Photos App ထဲက Photo & Video တွေဝင်ကြည့်ရင် ဘာလို့ ဝါးနေရတာလဲ?❞

ဒီ ပြဿနာကို iOS Users တွေတော်တော်များများ ကြုံရလေ့ရှိပါတယ်။ခုထိလည်း Group တွေထဲမေးနေတုန်းပါပဲ။

ဘာလို့ ဝါးနေရတာလဲ?👀🤷‍♂️
အဓိက က iCloud ဝင်ထားပြီးတော့ iCloud Photo ကို On ထားမိလို့ပါ။
iCloud ရဲ့ Storage ဟာ 5GB ပဲ Free ပေးထားပါတယ်။
iCloud Photo on ထားမိတဲ့အတွက် ကို့ဖုန်းထဲက ပုံတွေဟာ iCloud Storage ထဲကို Wifi ချိတ်ထားတဲ့အချိန်တိုင်းမှာ upload လုပ်ပေးပါတယ်။
အဲ့လို upload လုပ်တဲ့ ပုံတွေဟာ 5GB ထက်ကျော်သွားရင်တော့ iCloud Storage ပြည့်သွားပြီး ပုံတွေထပ် upload မလုပ်နိုင်တော့ပါဘူး။
အဲ့ဒီအချိန်မှာ ရှိပြီးသား ပုံတွေကို Resolution လျှော့ချလိုက်တဲ့အတွက် ပုံတွေဝါးသွားရခြင်းဖြစ်ပါတယ်။

အဲ့လိုတွေမဝါးသွားအောင် ဘယ်လိုလုပ်ရမလဲ?🤷‍♂️
ရှင်းပါတယ် iCloud Storage ဝယ်သုံးလိုက်ရင်အကောင်းဆုံးပါ။😁
Apple ကနေပြီးတော့ iCloud Storage တွေကို – တစ်လချင်းစီ လစဉ်ကြေးနဲ့ရောင်းပါတယ်။iTunes Gift Crad ဝယ်ပြီး iCloud Storage Upgrade လုပ်လိုက်တာနဲ့ ဒီ 
ပြဿနာရှင်းသွားပါလိမ့်မယ်။
အဲ့ဒီလို ငွေကုန်ကြေးကျမခံချင်ဘူးဆိုရင် တခြားနည်းလမ်းတွေလည်းရှိပါသေးတယ်။
1.👉အရင်ဦးဆုံး Setting>iCloud>iCloud Photos အောက်က 
Download & Keep Originals Option ကိုအမှန်ခြစ်ရွေးပြီးတော့
ဝါးနေတဲ့ ပုံတွေအားလုံးကို Wifi လိုင်းကောင်းကောင်းနဲ့ စိတ်ရှည်စွာ တစ်ပုံချင်းစီ Download ဆွဲပါ(ဝါးနေတဲ့ပုံကို ကြည့်နေရုံနဲ့ ဘေးက (!) Mark ပြည့်သွားရင်Download ဆွဲပြီးပါပြီ) အားလုံး Download ပြီးသွားတာနဲ့ အဲ့ဒီ ပုံတွေကို တခြား Phone တစ်လုံးထည်းပို့ပြီးတော့ Setting>iCloud>iCloud Photos ကို Off လိုက်ရင်ရပါပြီ။
2.👉နောက် နည်းလမ်းတစ်ခုကတော့ ကွန်ပျူတာကနေ iCloud.com ထဲဝင်ပြီးတော့ Photos Album ထဲက ပုံတွေအားလုံးကို Download ဆွဲပြီးတော့ Setting>iCloud>iCloud Photos ကို Off လိုက်ပါ။

အဲ့လို iCloud Photos ကို Off လိုက်ရင် ကို့ Phone ထဲက Photos တွေဖျက်သွားနိုင်တဲ့အတွက် တခြားဖုန်း ကွန်ပျူတာထဲက download ဆွဲထားတဲ့ပုံတွေကို ကို့ iPhone ထဲ Transfer ပြန်လုပ်ရပါမယ်။တကယ်လို့ မလုပ်ချင်ဘူးဆိုရင် HDD,Sticks ထဲမှာသိမ်းထားနိုင်ပါတယ်။
3.👉နောက်ဒီ ပြဿနာကို Storage နည်းတဲ့ iPhones (16GB) တွေမှာဖြစ်တာများပါတယ်။
ကို့ဖုန်း Storage ပြည့်သွားတဲ့အချိန်မှာ Photos တွေကို Resolution နည်းတဲ့ Size သေးတဲ့ Photos တွေအဖြစ်ပြောင်းသွားတဲ့အတွက် ဖြစ်ပါတယ်။အဲ့ဒါဆိုရင်တော့ ကိုဖုန်းထဲကမလိုတော့တဲ့ ပုံတွေ Apps တွေကိုဖျက်ပစ်လိုက်ပါ။Storage နည်းတဲ့ Devices တွေမှာတော့ iSetting>iCloud>iCloud Photos အောက်က Optimize iPhone Storage Option ကိုရွေးထားတာ ပိုကောင်းပါတယ်။

တကယ်လို့များ သင့်ဖုန်းထဲကပုံတွေ (!) Mark လေးပြပြီး ဝါးနေရင်တော့ အပေါ်ကနည်းလမ်းတွေအတိုင်းသာ လိုက်လုပ်ကြည့်လိုက်ပါ……………………..

ပုံတွေဝါးနေလို့ စိတ်ညစ်နေတဲ့ ဘော်ဒါတွေ ကို့ RS တွေ ကိုပါ Mention ခေါ်သွားကြအုံးနော် 😁

Leave a comment