Android user တွေ မရနိုင်ပဲ iPhone သုံးသူတွေသာရနိုင်တဲ့ အလန်းစား Features များ😎

✅1-iOS
iOS ဆိုတဲ့ OS ကိုတော့ Apple မှာက လွှဲလို့ 
ဘယ်မှာ မှ သုံးနိုင်မှာမဟုတ်ပါဘူး
Smooth အဖြစ်ဆုံး , အပြည့်စုံဆုံး ,
iOS version update တွေကို 
ဘယ် Devices မှာမဆို 
တန်းတူရနိုင်တာတွေက တစ်ခြား 
ဘယ် ဖုန်းမှာ ဘယ် OS မှာ မှ မရနိုင်သေးတာမျိုးပါ

✅2-iMessage
Apple iDevices အချင်းချင်းပို့တဲ့အခါ သုံးကြတာပါ
iDevices အားလုံးတစ်ပြိုင်ထဲ အသုံးပြုနိုင်ပြီး
Message effect, message react, Animoji,
Memoji, app တွေမှာပါတဲ့ sticker လေးတွေ ,
အရောင်စုံတဲ့Gestureတွေ ရေးပြီးပို့လို့ရတာမျိုး စတဲ့
Functionsတွေက Message ပို့တဲ့ Apps တွေ
အားလုံးထက်သာလွန် ကောင်းမွန်တယ်ဆိုတာ
သုံးဖူးသူတိုင်း ငြင်းကြမှာမဟုတ်ပါဘူး.

✅3-Apple Pay
Apple Pay ကနေ ပိုက်ဆံကို iMessage က နေပဲ
လွယ်လွယ်ကူကူပို့နိုင်ပါတယ်
ကျွန်တော်တို့ ဆီမှာသိပ်မသုံးကြပေမဲ့ 
Bank တစ်ခု လို အသုံးဝင်ပြီး Apple Devices တွေမှာ
သာရရှိနိုင်တဲ့ Functions တစ်ခုပါ

✅4-Airdrop
iDevices တွေတစ်ခုနဲ့တစ်ခုပို့တဲ့ အခါမှာ
ဘာပဲ ပို့ပို့ Airdrop က မြန်ပြီး အဆင်ပြေပါတယ်
Files တစ်ခုခု ပို့မယ်ဆိုတိုင်း 
ကြိုးကြီး တန်းလန်းချိတ်ပြီး လုပ်နေဖို့မလိုပါဘူး

✅5-AR(Augmented Reality)
Apple ရဲ့ AR နည်းပညာ က Game တွေ
appsက အရာဝတ္ထုတွေကို
Real World တစ်ခု အတိုင်း တွေ့နိုင်ပြီး
Mobile devices တွေထဲ မှာတော့
ခုချိန်ထိအကောင်းဆုံးလို့ပြောလို့ရပါတယ်

✅6-App Store
iOS App Store က app & Game အစုံလင်ဆုံးနဲ့
Fake apps တွေ အနည်းပါးဆုံး Privacy အတွက် 
user Data ကို collect လုပ်တာနဲ့ 
တန်းဖြုတ် ချတာမျိုးတွေလုပ်တဲ့
အကောင်းဆုံး appတွေထွက်လာတာနဲ့ 
ပထမဆုံး ရနိုင်တဲ့
Store ကြီးတစ်ခု iPhone,iPad တိုင်းမှာ ပါပါတယ်

✅7-3D Touch
အခြားဖုန်းတွေ မှာ 3D Touch ပါလာပါပြီ
ဒါပေမဲ့ iOS ရဲ့ 3D Touch Feeling ကို တော့ 
ဘယ်လိုမှကို မမှီနိုင်သေးပါဘူး

✅8-Spotlight search
iPhone ရဲ့ Spotlight search က
ထူးခြားတဲ့ tool တစ်ခုလို့ပြောရမလား 
apps, contacts, phone numbers, 
messages, GarageBand projects, draft emails,
စသဖြင့် အားလုံးကို အမြန်ဆုံး အလွယ်ကူဆုံးနည်းနဲ့ ရှာနိုင်ပါတယ်

✅9-More Secure
iPhone တွေက အလုံခြုံဆုံးဆိုတာအားလုံးသိမှာပါ
တင်းကျပ်လွန်းတဲ့ apple rule တွေနဲ့
virus တွေ malware တွေ မ၀င်နိုင်အောင်
တော်ယုံဘယ်သူမှ မထိုးဖောက်နိုင်အောင် 
လုပ်ထားတဲ့ operating system တစ်ခုပါ

✅10-Works Great with All Your Devices
iPhone တွေက သုံးရတာ လွယ်ကူတယ် 
ဒီဇိုင်းပိုင်းနဲ့ အမြင် UI ပိုင်းမှာလဲ ရိုးရှင်းတယ် 
Data အသွင်းအထုတ် အလုပ် အတူတူ လုပ်ဖို့က
MacBook တွေနဲ့ဆို iPhone နဲ့ ပို အဆင်ပြေပါတယ်
iPhone သုံးတတ်ရင် Macbook လဲသုံးတတ်မယ်
ပြီးတော့ ကျန်းမာရေး အတွက် 
Apple watch လေးဝယ်မယ်
စာဖတ်ဖို့ နဲ့ Game ဆော့ TV ကြည့်ဖို့
iPad လေးထပ်ဝယ်မယ် 
သူတို့ အားလုံး အတူတူက File ပို့တာ
အတူတူအလုပ်လုပ်တာ ချိတ်ဆက်ထားတာတွေက
ဘယ်မှာမှ မရနိုင်လောက်တဲ့ အဆင်ပြေ လွယ်ကူမှုမျိုးပါ 
အဲ့ဒီအခါကျ Apple ရဲ့ Ecosystem ထဲက ရုန်းထွက်ပြီး
အခြား Devices တွေ သုံးဖို့ အဆင်မပြေနိုင်လောက်ထိ 
iDevices ကို စွဲလန်းနေမှာ အသေအချာပါပဲ

နောက်တစ်ခုက…
သင်သာ Apple User တစ်ယောက်ဆိုရင်
ဒီ post ကို Share ထားမှာ အမှန်ပါပဲ✅✅✅

Leave a comment