❝Full Screen iPhone ကိုင်တော့မယ်ဆိုရင် ဒီအချက်လေးတွေ သိထားသင့်တယ်နော် ❞

လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်အချိန်လောက်က Apple ကနေပြီးတော့ Future of the SmartPhone ဆိုပြီးတော့ iPhone X ကိုစပြီးမိတ်ဆက်ပေးခဲ့ပါတယ်။
ယခု Post ကတော့ အဲ့ဒီ iPhone X(include XS,XS Max,XR) မှာ တခြား Home Button ပါတဲ့ iPhone တွေနဲ့ မတူနဲ့ အချက်တွေ Features တွေ အကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။

How To Power OFF & take Screenshot
Press Power + Volume Up 
Admin ကိုယ်တိုင် iPhone X စရောက်တုန်းက Power button ကြီးနဲ့ Power ပိတ်မရလို့ တိုင်ပတ်ခဲ့ဖူးပါတယ်။

How To Hard reset 
Volume Up ကိုတစ်ချက်နှိပ်ပြီးရင်လွတ် Volume Down ကိုတစ်ချက်နှိပ်ပြီးရင်လွတ်ပြီး Power Key ကို 15 seconds လောက်ဖိထားလိုက်ပါ။

Attention Aware Features
ဖုန်းစ လာလာချင်း ဖုန်း Ringtone သံကျယ်ပြီး နောက် ဖုန်းကိုကြည့်လိုက်တာနဲ့ အသံတိုးသွားရခြင်းဟာ Attention Aware Features ကြောင့်ပါ။
အဲ့ဒီ features ကိုမကြိုက်ခဲ့ရင် Setting>Face ID & Passcode>Attention Aware Features ကို off ထားလို့ရပါတယ်။

Set Up An Alternate Appearance
iOS 12 မှာ စပြီး Face ID ကို လူနှစ်ယောက်ထားလို့ရပါပြီ
တကယ်လို့ ကို့ ချစ်သူကိုပါ ကိုဖုန်းကို သူ့မျက်နာနဲ့ ပွင့်စေချင်ရင် Setting>Face ID & Passcode>Set Up An Alternate Appearance မှာ သူ့ရဲ့ Face ကိုထပ်ထည့်လို့ရပါတယ်။

Double Click to install
AppStore ကနေ App တွေ Download ဆွဲတဲ့အခါ အရင် iPhone တွေလို Press FingerPrint to install မဟုတ်တော့ပဲ Double Click to install ပြလာတဲကအခါမှာ
ဘာမှ ထွေထွေထူးထူး စဉ်းစားမနေပါနဲ့ 
Power Key ကို နှစ်ချက်ဆက်တိုက် နှိပ်တာနဲ့ ကို့ Face ID ကိုဖတ်သွားပြီး App download ဆွဲသွားပါလိမ့်မယ်။

Tap To Wake
ဖုန်းကို တစ်ချက်ထိလိုက် ရုံနဲ့ Screen ပွင့်(wake ဖြစ်)တဲ့ Feature ပါ။ တကယ်လို့ ကို့ဖုန်းကို ထိလိုက်တာနဲ့ ပွင့်ပွင့်သွားတာကိုမလိုချင်ရင်တော့
Setting>General>Accessibility>Tap to wake ကို off လိုက်လို့ရပါတယ်။
Raise To wake ကတော့ iOS 10 ကတည်းပါလို့ သိပြီးလောက်ပြီထင်ပါတယ်။ဖုန်းကို မြင့်တင်လိုက်တာနဲ့ Screen ပွင့်တဲ့ Function ပါ။မကြိုက်ရင်တော့ Setting>Display & Brightness>Raise to wake ကို off ထားလို့ရပါတယ်။

Full Screen View on Playing Video 
Full Screen iPhone လို့ပြောပေမဲ့ facebook ,Zapya လို App တွေမှာ Video ကြည့်ရင်တော့ Screen အပြည့်မပေါ်ပါဘူး။TV App ထဲက Video တွေကြည့်မှသာ Screen အပြည့်ပေါ်ပြီးတော့ တခြား Youtube,Safari,Chrome လို App ကနေကြည့်ရင် ကိုကြည့်နေတဲ့ Video ကို ချဲ့လိုက်တာနဲ့ Screen အပြည့်ပေါ်လာပါလိမ့်မယ်။

Left on Noti Center & Right on Control Center
Notification Center ကို ဘယ်ဖက်ခြမ်း Notch Bar လေးကနေ ဆွဲချရပြီးတော့ Control Center & Battery Percentage အတွက် ညာဖက်ခြမ်း Notch Bar ကိုဆွဲချရမှာဖြစ်ပါတယ်။

IP67,68 Water Resistant Not Waterproof
Water Proof မဟုတ်တဲ့အတွက် ရေစိမ်မခံဘူးဆိုတာကိုတော့ iPhone Users တွေ အဓိက သိထားရမဲ့အချက်ထဲမှာပါပါတယ်။ ရေစိုခံတယ် ဘီယာ ဘာညာအစိုခံတယ်လို့
ဆိုပေမဲ့ တကယ်လို့ အဲ့ဒါတွေကြောင့် ဖုန်းတစ်ခုခုဖြစ်ခဲ့ရင် Warranty မရပါဘူး။
>>https://support.apple.com/en-us/HT207043

တစ်ချို့ ကိုသိချင်တာလေးများကိုလည်း အောက်က Comment Box လေးမှာ လည်းမေးမြန်လို့ရပါတယ်ခင်ဗျ။ ကျန်ခဲ့တဲ့ Features အကြောင်းတွေကိုလည်း ဝင်ရောက် မျှဝေဆွေးနွေးနိုင်ပါတယ်။

Leave a comment